ဈေးကွက်ဈေးနှုန်း

တိုင်းဧရာ မတ်ပဲဈေးနှုန်းအခြေအနေ (၁၈.၈.၂၀၂၀ မှ ၂၆.၈.၂၀၂၀)

Last Updated:

ယခုသီတင်းပတ်ကာလများအတွင်း ဧရာဝတီတိုင်းဒေသကြီးမတ်ပဲဈေးနှုန်း ဆက်လက် တည်ငြိမ်လျှက်ရှိသည်။ ဩဂုတ် ၁၈ ရက်မှ ၂၀ ရက်အထိ မတ်ပဲတစ်တင်းလျှင် ၃၁၅၀၀ ကျပ် မှ ၃၁၇၀၀ ကျပ် ထိဈေးပေါက်လျှက်ရှိပြီး ဩဂုတ် ၂၁ရက်မှ ၂၄ထိ ရက်များတွင် ၃၁၅၀၀ ကျပ်၊ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့များတွင် ၃၁၈၀၀ ကျပ် အသီးသီးရှိခဲ့သည်။

လက်ရှိအခြေအနေတွင် အိန္ဒိယနိုင်ငံမှ သတ်မှတ်ထားသော မတ်ပဲတင်သွင်းခွင့်ကိုတာ၏ ၄၀ ရာနှုန်းခန့်သာ တင်ပို့ပြီးစီးခဲ့ပြီး မတ်ပဲတင်သွင်းခွင့်ကာလထပ်တိုးပေးရန် အကြောင်းပြန်ကြားချက် တစုံတရာမရရှိသေးသဖြင့် မြန်မာ့မတ်ပဲကို အိန္ဒိယနိုင်ငံအပြင် အခြားပြည်ပနိုင်ငံများသို့ တင်ပို့ နိုင်ရေး ကြိုးပမ်းလျှက်ရှိသည်။ ယခုကာလတွင် အိန္ဒိယနိုင်ငံတွင်မိုးများလျှက်ရှိပြီး  ပဲစိုက်ဒေသများ တွင် အပျက်အစီးရှိလာနိုင်သဖြင့် ပဲခွဲစက်များကမတ်ပဲပိုမိုဝယ်ယူလာသောကြောင့် မြန်မာမတ်ပဲ ဈေးထပ်တက်လာနိုင်ချေရှိနေပါသည်။ သို့သော် စက်တင်ဘာလတွင် အိန္ဒိယနိုင်ငံတွင် မတ်ပဲအသစ် ပေါ်မည့်ရာသီဖြစ်သဖြင့် မတ်ပဲအဝယ်ကို ထိန်းဝယ်လျှက်ရှိကြောင်းသိရှိရသည်။

 

ဧရာကုန်သွယ်မှုဗဟိုဌာန